Monday, February 4, 2013

နွားချော့တေး

နွားကသူ့ ကိုထိမ်းကြောင်းဖို့ 
တိမ်တွေကို တာဝန်ပေးခဲ့ဖူးတယ်၊
ချည်တိုင်မုန်းတဲ့ စိတ်နဲ့ အတူ
ရုန်းချင်တိုင်းရုန်း ၊ ရိုင်းချင်တိုင်းရိုင်းနေခဲ့ 
တွန်ကြူးသံဇဉ်နဲ့ ကမ္ဘာကို ဆန္ဒပြဖို့ 
နွားသတ္တိကို အပြည့်အ၀သုံးရင်း
မိုင်မဲခြင်းဟာ နွားရဲ့ ကိုကွယ်ခံဖြစ်ခဲ့ 
နွားကကြိုးကိုမုန်းတယ်
ချည်တိုင်ကိုမျက်စောင်းထိုးတယ်
နွားကျောင်းသားကိုခွေ့ ချင်တယ်
နကံ(နှင်တံ) ကိုအရွဲတိုက်တယ်
မိုက်ခဲ့ သမျှစားမြုတ်ပြန်ချင်တယ်
နွားချော့ တေးတစ်ပုဒ်ရေးရင်း
နွားကိုကျောသပ်ပေးခဲ့ 
ဒီနေ့ နွားက.....
ရိုင်းခဲ့ သမျှတောင်းပန်နေတယ်
လူ့ ခန္ဓာထဲမှာ နွားဘယ်လို နေရမယ်ဆိုတာ
နားလည်ပြီတဲ့ 
အဲ့ ဒီနောက်.....
နွားကသူ့ ကိုထိမ်းကြေင်းဖို့ 
ထိမ်တွေကို တာဝန်ပေးခဲ့ တယ်......။ ။

အလင်းတန်းပိုင်ရှင်

Monday, January 7, 2013

နေ၀င်ချိန်



ရွှေအိုရောင်နံနက်ခင်းနဲ့ အတူ
 
ကော်ဖီခါးခါးတခွက်ရဲ့ 

အငွေ့ အသက်အောက်မှာ
 
တို့ အားလုံးအမဲ လိုက်နေကြတယ်
 
အမြင့် ဆုံးကိုရောက်ဖို့ 
 
အနိမ့် ဆုံးက ဦးခေါင်းတွေပေါ်မှာ
 
ချေရာတွေထပ်လို့ .....
 
အားလုံးရဲ့ အာဏာပါနတေးသံတွေက
 
စီးဝါးမမှန်တာကများတယ်
 
ချေလှမ်းတိုင်းမှာ ''ငါ''ဆိုတဲ့ 
 
တောင်ပံခက်သံတွေ တဖြန်းဖြန်းနဲ့  ....
 
ဖြစ်လာရင်ပြက်စီးရမယ်ဆိုတဲ့ 
 
သဘောတရားကိုလက်ခံထားပါရဲ့ နဲ့ 
 
ဘာကြောင့် အနိစ္စတရားရဲ့ အောက်မှာ
 
ဒူးမထောက်လိုကြတာလဲ...

လိုက်တဲ့လူတွေကလိုက်ကြသလို

ပြေးတဲ့လူတွေကလဲမမောဘူး

လိုက်ရင်းပြေးရင်းနဲ့ 

ခေါင်းရင်းက စံပယ်ခြုံကို

ခလုပ်ဝင်တိုက်မိကာမှ

ချေရင်းကအုတ်ဂူတွေကို

သတိရမိကြတယ်

မင်းတို့ ဘယ်စီကိုပြေးပြေး

အချိန်တန်ရင်ငါ့စီရောက်လာမှာပါတဲ့ 

အားလုံးကိုစောင့်ကြိုနေတဲ့သူရှိတယ်

ကဲ....ကျွန်တော်တို့ အားလုံး

သူ့ စီကိုအလည်သွားကြပါအုန်းဆို့  ။ ။


အလင်းတန်းပိုင်ရှင်     (တန့် ဆည်)

Sunday, January 6, 2013

အလင်းမဲ့နေတဲ့အနာဂတ်များ




ကြယ်လေးတွေကြယ်လေးတွေ

မျှော်လင့်ချက်တွေအတောင်ပံဖြန့် ရင်း

ပျံသန်းခွင့်လဲမရကြရှာဘူး

မင်းတို့ လေးတွေရဲ့ကောင်းကင်က

ဒီလောက်တောင်အလင်းရောင်ကင်းမဲ့ရသလားကွယ်

ဘ၀ဆိုတာကိုက……

ညီမျှခြင်းမပါတဲ့သင်္ချာတပုဒ်တဲ့လား

သမုဒ္ဒရာဝမ်းတထွာတဲ့

မင်းတို့ လေးတွေရဲ့ဆာလောင်မှုအတွက်

ဘယ်အရာတွေနဲ့ ချော့သိတ်ခဲ့ကြသလဲကွယ်

ငါလဲမင်းတို့ အတွက်

မျက်ရည်ကင်းမဲ့စွာငိုနေရတုန်းပါပဲ

ကိုယ့်အိပ့်မက်ကိုစောင်ခြုံလို့ 

အမှောင်လွှမ်းတဲ့ဒီညနက်ထဲ

ချမ်းရှာနေမလားကွယ်…..

ငါလဲမင်းတို့ အတွက်

မျက်ရည်ကင်းမဲ့စွာငိုနေရတုန်းပါပဲ

A.B.C.တတ်မှထမင်းမငတ်တဲ့ခေတ်ထဲမှာ

“၀”တလုံးတောင်ဝိုင်းအောင်းသင်ပေးခံကြရရဲ့လား

ငါလဲမင်းတို့ အတွက်

မျက်ရည်ကင်းမဲ့စွာငိုနေရတုန်းပါပဲ....။

အလင်းတန်းပိုင်ရှင်   (တန့် ဆည်)

ယမ်းနံ့ သင့်သွားသောမြေဇာပင်များ


ဒါဟာအရုဏ်ဦးရဲ့ဖျားနာခြင်းဖြစ်တယ်

မတူညီမှုတွေအတွက် ဒီလိုပဲကလေးဆန်နေရသလား

ခင်ဗျားတို့ ရဲ့အတ္တဆန်မှုတွေကို

ယုံကြည်မှုလို့ ခေါင်းစဉ်မတတ်ပါနဲ့ 

စိတ်လိုက်မာန်ပါကျွဲနှစ်ကောင်ကြား မှာ

မြေဇာပင်တွေလဲခဏခဏ သေတယ်

ဘာတဲ့.....´ စစ်` ဟုတ်လား……

မစစ်တော့ဘူး ခင်ဗျာဟာအခုမစစ်တော့ဘူး

မေခ မလိခ ဟာ ခင်ဗျာ ကြောင့်ငိုနေရတယ်

ဧရာဝတီဆိုတဲ့မိန်းမပျိုဟာ ခင်ဗျားရဲ့ရက်စက်မှုကြောင့်

အလှပျက်ခဲ့ရဘူးတယ်……

ခင်ဗျားတို့ ကျင်းပတဲ့ပွဲတော်ဟာ

လူသေကောင်တွေတိုးလာတာပဲအဖတ်တင်တယ်

မိသားစုတွေပြိုကွဲတာပဲအဖတ်တင်တယ်

ကလေးတွေလမ်းဘေးရောက်တာပဲအဖတ်တင်တယ်

ငါတို့ ရွာဟာ ယမ်းနံ့ တွေနဲ့ သင်းပျံ့လို့ 

ဘယ်လိုနတ်ဆိုးတွေက ဖန်ဆင်းကြတာလဲကွယ်

အောက်စီဂျင်တွေအစား ယမ်းနံ့ တွေကိုရူရှိုက်ရင်း

အားလုံးရဲ့စိတ်ထဲမှာ ဒဏ်ရာတွေဗလပွနဲ့ 

ကျုပ်တို့ ရဲ့ဆုံးရှုံမှုတွေအတွက်

ဘယ်သူ့ ကိုတိုင်ကြားလို့ ရပါသလဲ

အစရှာလို့ မရတဲ့ အမှုတွဲတွေကြားမှာ

ငါကိုယ်တိုင်လဲ တရားစီရင်ခွင့်မရရှာဘူး

သေတယ် ....မင်းတို့ က တောင်တွေကြားမှာသေတယ်

ငါက ကမ္ဘာတဖက်ခြမ်းကနေသေတယ်

ရပ်တော်မှုကြပါ ..... ရပ်တော်မှုကြပါ

ရင်ဘက်တွေ ကွဲအောင်အော်တယ်

အသံတွေကွဲအောင်အော်တယ်

အားလုံးရဲ့ဆုတောင်သံတွေ

မနက်ဖြန် အရုဏ်ဦးရဲ့ သေနက်သံကြားမှာ

ကွယ်ပျောက်မသွားပါစေနဲ့ ……….။

၂၁-၀၉-၂၀၁၂ ( သောကြာနေ့ )
 
ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲအားရည်ရွယ်ပါသည်
 
အလင်းတန်းပိုင်ရှင်  (တန့် ဆည်)

Saturday, January 5, 2013

မြတ်စွာဘုရား၏ အရပ်ဟာဘယ်လောက်ရှိပါသလဲ.....?


 
ဘုရားရှင်ရဲ့အရပ်တော်နဲ့ ပတ်သက်ပြီးတော့
အယူအစအမျိုးမျိုးနှင့်အတူ နေရာတော်တော်များများမှာငြင်းခုန်နေကြတာကိုတွေ့ ရပါတယ်
တချို့ ကဘုရားရှင်ရဲ့အရပ်တော်ဟာ(၁၈)တောင်ရှိတယ် တချို့ ကတော့
(၄)တောင်ပဲရှိတယ်စသဖြင့်အငြင်းပွားနေတာကိုစာရေသူငယ်စဉ်ကတည်းကကြားဘူးခဲ့သလို့ ယ္ခုထက်တိုင်နေရာအတော်များများမှာကြားနေရတုန်းပါပဲ
၊စာရေးသူတို့ ငယ်ငယ်ကသင်ရတဲ့ဝိနည်းဘာသာဋီကာမှာတော့(ရှင်စောတစ်ထွာမဂ်သုံးထွာ ထို့ ထွာခေါက်ချိုးထည့် )ဆိုတဲ့ဆောင်ပုဒ်ကလဲရှိနေပြန်တော့ဒီအယူအဆနှစ်ခုဟာဘယ်ဟာကမှန်တယ်မှားတယ်ဆိုတာကို
ကွဲကွဲပြားပြားမသိရတာတော့အမှန်ပါ ၊စာရေးသူလေ့လာထားမိသလောက်
ဒီပြဿနာဟာလွန်ခဲ့တဲ့ခရဇ်သက္ကရာစ်(၁၉၃၇)လောက်ကတည်းကယုတ္တိဗေဒကျွမ်းကျင်တဲ့ရှေ့ နေဦးဘဦးတို့ ဦစိန်ဖေတို့ကဒီပြဿနာကိုတိုးတတ်ရေးမဂ္ဂဇင်းတစ်ခုမှာဘုရားရှင်ရဲ့အရပ်တော်ဟာ(၁၈)တောင်မရှိဘူး၊ဘာကြောင့်လဲဆိုတော့ဘုရားရှင်းသာအရပ်(၁၈)တောင်ရှိခဲ့မယ်ဆိုရင် ဘုရားရှင်ရဲ့သင်္ကန်းတော်ကို ရှင်မဟာကဿပ ၀တ်၍ဖြစ်မှာမဟုတ်ဘူးတဲ့ ဘုရားရှင်နဲ့ ရှင်မဟာကဿပတို့ သင်္ကန်းလဲ၍၀တ်သည်ကိုထောက်သောအားးဖြင့် ဘုရားရှင်ရဲ့အရပ်တော်ဟာသူလိုငါလိုသာမန်သာဖြစ်လိမ့်မည်အရပ်(၁၈)တောင်ရှိတယ်ဆိုတာကျမ်းရေးတဲ့ဆရာတွေချဲ့ ထွင်းရေသားခြင်းသာဖြစ်တယ်လိုသုံးသပ်ကြပါတယ်။ဒါကိုလက်မခံနိုင်တဲ့စာပေပညာရှင်တွေဘက်ကလဲပြန်လည်ချေပကြပါတယ် အတိုင်းအရှည် ပမာဏနှင့်ပတ်သက်တဲ့ ပညတ်ချက်မှန်သမျှတွေမှာ အလျှားမည်မျှ၊
အနံမည်မျှသာမန်ဟောရိုးမရှိတဲ့ (တတြိဒံ ပမဏံ ဒီဃသော ဒွါဒဿဝိဒတ္ထိယော သုဂတ၀ိဒတ္ထိယာ တိရိယံ သတ္တန္တရာ)စသဖြင့်ဘုရားရှင်ရဲ့အထွာတော်ကို အထူးထည့်ပြီးဟောထားတယ်၊ အကယ်၍
ဘုရားအထွားတော်နှင့် ပကတိလူသားတွေရဲ့အထွာဟာအတူတူဖြစ်နေပါလျှင်
သုဂတ၀ိဒတ္တိယာ(မြတ်စွာဘုရား၏အထွာ)ဆိုတဲ့စကားဟာအပိုဖြစ်နေပါလိမ့်မည်၊အပိုဖြစ်မယ့်စကားကိုဘုရားရှင်ကဟောရိုးမရှိဘူး ဒါကြောင့် ဘုရားရှင်ရဲ့အရပ်တော်ဟာသာမန်ပကတိလူသားတွေထက်ပိုမိုကြီးထွားမယ်လို့ ပြန်လည်ချေပခဲ့ပါတယ် ၊ဒါပေမဲ့  ဒီပြဿနာဟာတိတိကျကျအဖြေမပေါ်ထွက်ခဲ့ပါဘူး
။ဒီကိစ္စနဲ့ ပတ်သက်ပြီး မြတ်စွာရှင်လက်ထက်က ဘုရားရှင်ရဲ့အရပ်ကိုတိုင်းဖို့ ကြိုးစားတဲ့ပုဏ္ဏားတစ်ယောက်ကိုစာရေးသူပြေးမြင်မိပါတယ်၊
 
(မဇ္ဈိမဋ္ဌ-၂၁၇)မှာရာဇဂြိုလ်ပြည်သားပုဏ္ဏားတစ်ယောက်ကဆွမ်းခံကြွလာတဲ့ဘုရားရှင်ရဲ့အရပ်ကိုတိုင်တာဖို့ 
အတောင်ခြောက်ဆယ်ရှည်လျားတဲ့ဝါးကိုကိုင်ပြီးစောင့်နေတယ် ဘုရားရှင်ကြွလာတော့
ဘုရားရှင်ရဲ့အရပ်ကိုတိုင်းတဲ့အခါမှာ အတောင်ခြောက်ဆယ်ရှိတဲ့ဝါးဟာ မြတ်စွာဘုရားရှင်ရဲ့ ပဆစ်ဒူးရိုးမျှပဲရှိတယ် ဒါနဲ့ ပုဏ္ဏားဟာ မကျေနပ်လို့ နောက်တကြိမ်ဝါးနှစ်လုံးဆက်ပြီးတိုင်းပြန်တယ်
ဒီတခါလဲဝါးဟာ ရှင်တော်မြတ်ဘုရားရဲ့ အရပ်ကိုမကျော်ပါဘူး၊ဒီတော့မှမြတ်စွာဘုရားကပုဏ္ဏားကိုဖြေကြားလိုက်တယ် ချစ်သားသင်သည်
စကြာဝဠာတိုက်တသောင်းမှာရှိသမျှဝါးတွေကိုဆက်ပြီးတော့တိုင်းစေဦးတော့ ၊ငါဘုရားရဲ့ ပမာဏကို တိုင်းလို့ ရမည်မဟုတ်ဟုမိန့် ကြားလိုက်တယ်။စာရေသူတို့ ထေရ၀ါဒဗုဒ္ဓသာသနာတော်မှာ
ဗုဒ္ဓစာပေနှင့်ပက်သက်ပြီးအငြင်းပွာဖွယ်ရာပြဿနာပေါ်ပေါက်လာလျှင်

Friday, January 4, 2013

***ပန်းပျိုးလက်***


ကမ်းလင့်မဲ့လက်တွေအတွက်

ငါကဖရောင်းတတိုင်လဲဖြစ်ချင်ခဲ့တယ်

အလင်းမဲ့နေတဲ့ကမ္ဘာဟာလဲ

မီးခြစ်တဆံရဲ့တန်ဖိုးကို

တရှိုက်မက်မက်လွမ်းနေလိမ့်မယ်

ကိုယ့်ပတ်ဝန်ကျင်အတွက်

ဘယ်နှခါစိတ်ချမ်းသာစေခဲ့ပါသလဲ ...?

ငွေကြေးရှိမှဒါနမြှောက်သတဲ့လားကွယ်

ငါကိုယ်တိုင်ကလဲထမင်းတလုပ်အတွက်

တအိမ်ဝင်လို့ တအိမ်ထွက်နေရတုန်းပါပဲ

တူညီတဲ့မိုးကုတ်စက်ဝိုင်းအောက်မှာရှိနေခဲ့တော့

မင်းဟာငါနဲ့ လဲအမျိုးတော်တယ်

လူပဲကွယ်... အချိန်တန်ဗိုက်ဆာရှာမှာပေါ့

ကံပြစ်ချရာမှာ ငါကအယူခံဖြစ်နေပေမဲ့

မင်းတို့ အတွက်ရက်ရက်ရောရောမိုးရွာတယ်

ဘာဆုမှမတောင်းဆိုပါဘူး

လူတန်းစေ့ဗိုက်ဝစေချင်ယုံကလွဲပြီးပေါ့

တကယ်တော့….

မင်းတို့ ရလိုက်လို့ ပျော်တဲ့အပျော်ကိုကြည့်ပြီးမှ

ငါကပီတိဖြစ်ခဲ့ရတာပါ…အဲ့ဒီပီတိနဲ့ 

ငါ့အိမ့်မက်တွေကိုကမ္ဗည်းထိုးရင်း

ရွက်ကျပင်တွေခဏခဏပေါက်တဲ့တောမှာ

ပန်းပျိုးသူတယောက်လဲဖြစ်ချင်ခဲ့တယ်……။