ရွှေအိုရောင်နံနက်ခင်းနဲ့ အတူ
ကော်ဖီခါးခါးတခွက်ရဲ့ 
အငွေ့ အသက်အောက်မှာ
တို့ အားလုံးအမဲ လိုက်နေကြတယ်
အမြင့် ဆုံးကိုရောက်ဖို့ 
အနိမ့် ဆုံးက ဦးခေါင်းတွေပေါ်မှာ
ချေရာတွေထပ်လို့ .....
အားလုံးရဲ့ အာဏာပါနတေးသံတွေက
စီးဝါးမမှန်တာကများတယ်
ချေလှမ်းတိုင်းမှာ ''ငါ''ဆိုတဲ့ 
တောင်ပံခက်သံတွေ တဖြန်းဖြန်းနဲ့  ....
ဖြစ်လာရင်ပြက်စီးရမယ်ဆိုတဲ့ 
သဘောတရားကိုလက်ခံထားပါရဲ့ နဲ့ 
ဘာကြောင့် အနိစ္စတရားရဲ့ အောက်မှာ
ဒူးမထောက်လိုကြတာလဲ...
လိုက်တဲ့လူတွေကလိုက်ကြသလို
ပြေးတဲ့လူတွေကလဲမမောဘူး
လိုက်ရင်းပြေးရင်းနဲ့ 
ခေါင်းရင်းက စံပယ်ခြုံကို
ခလုပ်ဝင်တိုက်မိကာမှ
ချေရင်းကအုတ်ဂူတွေကို
သတိရမိကြတယ်
မင်းတို့ ဘယ်စီကိုပြေးပြေး
အချိန်တန်ရင်ငါ့စီရောက်လာမှ
အားလုံးကိုစောင့်ကြိုနေတဲ့သ
ကဲ....ကျွန်တော်တို့ အားလုံး
သူ့ စီကိုအလည်သွားကြပါအုန်းဆို
အလင်းတန်းပိုင်ရှင် (တန့် ဆည်)






