Sunday, January 6, 2013

အလင်းမဲ့နေတဲ့အနာဂတ်များ




ကြယ်လေးတွေကြယ်လေးတွေ

မျှော်လင့်ချက်တွေအတောင်ပံဖြန့် ရင်း

ပျံသန်းခွင့်လဲမရကြရှာဘူး

မင်းတို့ လေးတွေရဲ့ကောင်းကင်က

ဒီလောက်တောင်အလင်းရောင်ကင်းမဲ့ရသလားကွယ်

ဘ၀ဆိုတာကိုက……

ညီမျှခြင်းမပါတဲ့သင်္ချာတပုဒ်တဲ့လား

သမုဒ္ဒရာဝမ်းတထွာတဲ့

မင်းတို့ လေးတွေရဲ့ဆာလောင်မှုအတွက်

ဘယ်အရာတွေနဲ့ ချော့သိတ်ခဲ့ကြသလဲကွယ်

ငါလဲမင်းတို့ အတွက်

မျက်ရည်ကင်းမဲ့စွာငိုနေရတုန်းပါပဲ

ကိုယ့်အိပ့်မက်ကိုစောင်ခြုံလို့ 

အမှောင်လွှမ်းတဲ့ဒီညနက်ထဲ

ချမ်းရှာနေမလားကွယ်…..

ငါလဲမင်းတို့ အတွက်

မျက်ရည်ကင်းမဲ့စွာငိုနေရတုန်းပါပဲ

A.B.C.တတ်မှထမင်းမငတ်တဲ့ခေတ်ထဲမှာ

“၀”တလုံးတောင်ဝိုင်းအောင်းသင်ပေးခံကြရရဲ့လား

ငါလဲမင်းတို့ အတွက်

မျက်ရည်ကင်းမဲ့စွာငိုနေရတုန်းပါပဲ....။

အလင်းတန်းပိုင်ရှင်   (တန့် ဆည်)

No comments:

Post a Comment