Saturday, January 5, 2013

မြတ်စွာဘုရား၏ အရပ်ဟာဘယ်လောက်ရှိပါသလဲ.....?


 
ဘုရားရှင်ရဲ့အရပ်တော်နဲ့ ပတ်သက်ပြီးတော့
အယူအစအမျိုးမျိုးနှင့်အတူ နေရာတော်တော်များများမှာငြင်းခုန်နေကြတာကိုတွေ့ ရပါတယ်
တချို့ ကဘုရားရှင်ရဲ့အရပ်တော်ဟာ(၁၈)တောင်ရှိတယ် တချို့ ကတော့
(၄)တောင်ပဲရှိတယ်စသဖြင့်အငြင်းပွားနေတာကိုစာရေသူငယ်စဉ်ကတည်းကကြားဘူးခဲ့သလို့ ယ္ခုထက်တိုင်နေရာအတော်များများမှာကြားနေရတုန်းပါပဲ
၊စာရေးသူတို့ ငယ်ငယ်ကသင်ရတဲ့ဝိနည်းဘာသာဋီကာမှာတော့(ရှင်စောတစ်ထွာမဂ်သုံးထွာ ထို့ ထွာခေါက်ချိုးထည့် )ဆိုတဲ့ဆောင်ပုဒ်ကလဲရှိနေပြန်တော့ဒီအယူအဆနှစ်ခုဟာဘယ်ဟာကမှန်တယ်မှားတယ်ဆိုတာကို
ကွဲကွဲပြားပြားမသိရတာတော့အမှန်ပါ ၊စာရေးသူလေ့လာထားမိသလောက်
ဒီပြဿနာဟာလွန်ခဲ့တဲ့ခရဇ်သက္ကရာစ်(၁၉၃၇)လောက်ကတည်းကယုတ္တိဗေဒကျွမ်းကျင်တဲ့ရှေ့ နေဦးဘဦးတို့ ဦစိန်ဖေတို့ကဒီပြဿနာကိုတိုးတတ်ရေးမဂ္ဂဇင်းတစ်ခုမှာဘုရားရှင်ရဲ့အရပ်တော်ဟာ(၁၈)တောင်မရှိဘူး၊ဘာကြောင့်လဲဆိုတော့ဘုရားရှင်းသာအရပ်(၁၈)တောင်ရှိခဲ့မယ်ဆိုရင် ဘုရားရှင်ရဲ့သင်္ကန်းတော်ကို ရှင်မဟာကဿပ ၀တ်၍ဖြစ်မှာမဟုတ်ဘူးတဲ့ ဘုရားရှင်နဲ့ ရှင်မဟာကဿပတို့ သင်္ကန်းလဲ၍၀တ်သည်ကိုထောက်သောအားးဖြင့် ဘုရားရှင်ရဲ့အရပ်တော်ဟာသူလိုငါလိုသာမန်သာဖြစ်လိမ့်မည်အရပ်(၁၈)တောင်ရှိတယ်ဆိုတာကျမ်းရေးတဲ့ဆရာတွေချဲ့ ထွင်းရေသားခြင်းသာဖြစ်တယ်လိုသုံးသပ်ကြပါတယ်။ဒါကိုလက်မခံနိုင်တဲ့စာပေပညာရှင်တွေဘက်ကလဲပြန်လည်ချေပကြပါတယ် အတိုင်းအရှည် ပမာဏနှင့်ပတ်သက်တဲ့ ပညတ်ချက်မှန်သမျှတွေမှာ အလျှားမည်မျှ၊
အနံမည်မျှသာမန်ဟောရိုးမရှိတဲ့ (တတြိဒံ ပမဏံ ဒီဃသော ဒွါဒဿဝိဒတ္ထိယော သုဂတ၀ိဒတ္ထိယာ တိရိယံ သတ္တန္တရာ)စသဖြင့်ဘုရားရှင်ရဲ့အထွာတော်ကို အထူးထည့်ပြီးဟောထားတယ်၊ အကယ်၍
ဘုရားအထွားတော်နှင့် ပကတိလူသားတွေရဲ့အထွာဟာအတူတူဖြစ်နေပါလျှင်
သုဂတ၀ိဒတ္တိယာ(မြတ်စွာဘုရား၏အထွာ)ဆိုတဲ့စကားဟာအပိုဖြစ်နေပါလိမ့်မည်၊အပိုဖြစ်မယ့်စကားကိုဘုရားရှင်ကဟောရိုးမရှိဘူး ဒါကြောင့် ဘုရားရှင်ရဲ့အရပ်တော်ဟာသာမန်ပကတိလူသားတွေထက်ပိုမိုကြီးထွားမယ်လို့ ပြန်လည်ချေပခဲ့ပါတယ် ၊ဒါပေမဲ့  ဒီပြဿနာဟာတိတိကျကျအဖြေမပေါ်ထွက်ခဲ့ပါဘူး
။ဒီကိစ္စနဲ့ ပတ်သက်ပြီး မြတ်စွာရှင်လက်ထက်က ဘုရားရှင်ရဲ့အရပ်ကိုတိုင်းဖို့ ကြိုးစားတဲ့ပုဏ္ဏားတစ်ယောက်ကိုစာရေးသူပြေးမြင်မိပါတယ်၊
 
(မဇ္ဈိမဋ္ဌ-၂၁၇)မှာရာဇဂြိုလ်ပြည်သားပုဏ္ဏားတစ်ယောက်ကဆွမ်းခံကြွလာတဲ့ဘုရားရှင်ရဲ့အရပ်ကိုတိုင်တာဖို့ 
အတောင်ခြောက်ဆယ်ရှည်လျားတဲ့ဝါးကိုကိုင်ပြီးစောင့်နေတယ် ဘုရားရှင်ကြွလာတော့
ဘုရားရှင်ရဲ့အရပ်ကိုတိုင်းတဲ့အခါမှာ အတောင်ခြောက်ဆယ်ရှိတဲ့ဝါးဟာ မြတ်စွာဘုရားရှင်ရဲ့ ပဆစ်ဒူးရိုးမျှပဲရှိတယ် ဒါနဲ့ ပုဏ္ဏားဟာ မကျေနပ်လို့ နောက်တကြိမ်ဝါးနှစ်လုံးဆက်ပြီးတိုင်းပြန်တယ်
ဒီတခါလဲဝါးဟာ ရှင်တော်မြတ်ဘုရားရဲ့ အရပ်ကိုမကျော်ပါဘူး၊ဒီတော့မှမြတ်စွာဘုရားကပုဏ္ဏားကိုဖြေကြားလိုက်တယ် ချစ်သားသင်သည်
စကြာဝဠာတိုက်တသောင်းမှာရှိသမျှဝါးတွေကိုဆက်ပြီးတော့တိုင်းစေဦးတော့ ၊ငါဘုရားရဲ့ ပမာဏကို တိုင်းလို့ ရမည်မဟုတ်ဟုမိန့် ကြားလိုက်တယ်။စာရေသူတို့ ထေရ၀ါဒဗုဒ္ဓသာသနာတော်မှာ
ဗုဒ္ဓစာပေနှင့်ပက်သက်ပြီးအငြင်းပွာဖွယ်ရာပြဿနာပေါ်ပေါက်လာလျှင်

မဟာပဒေသလေးပါနဲ့ ဝေဖန်ဆန်းစစ်ပါတယ်၊မဟာပဒေသလေးပါဆိုတာယုတ္တိနဲ့ ညှိ့ နှိုင်းဝေဖန်တာမဟုတ်ပါဘူး ကျမ်းဂမ်လာစကားကိုတိုက်ဆိုင်ပြီးယူရတာကိုဆိုလိုတာပါ ။
ဒါကြောင့်ယ္ခုမြတ်စွာဘုရားရဲ့အရပ်တော်နဲ့ ပက်သက်ပြီး (ဗုဒ္ဓ၀င်-နှာ ၃၈၀) မှာ
အဟံ အဿတ္ထ မူလမှိ ၊ပတ္ထော သမ္ဗောဓိ မုတ္တမံ
ဗျာမပ္ပဘာ သဒါ မယှံ ၊သောဠသဟတ္တမုဂ္ဂတာ။ လို့ ဟောထားပါတယ်
ငါဘုရားရှင်သည် ညောင်ဗုဒ္ဓဟေပင်ရင်းမှာ မြတ်သောဗောဓိဥာဏ်ကိုရတယ်၊ ငါဘုရားသည်
တလံမျှလောက်သော ရောင်ခြည်တော် အမြဲရှိတယ်၊ အရပ်တော်အမြင့်
ဆယ့်ခြောက်တောင်ရှိတယ်လို့ ဆိုလိုတာပါ ၊ ဒီပါဠိကိုထောက်ခြင်းအားဖြင့်မြတ်စွာဘုရားရဲ့
အရပ်တော်ဟာ (၁၈)တောင်လဲမဟုတ်သလို (၄)တောင်ဆိုတာလဲမဟုတ်ပါဘူး
အမှန်ကမြတ်စွာဘုရားရှင်ရဲ့အရပ်တော်ဟာ (၁၆)တောင်ရှိပါတယ်
၊ နောက်ပိုင်းမှာဂဏန်တွက်ချက်ရလွယ်ကူအောင်ဆိုပြီး အဋ္ဌကထာဆရာက
(အမှာကံ ဘဂ၀ါတာ အဋ္ဌရသ ဟတ္တုဗ္ဗဓော အဟောသိ) ငါတို့ မြတ်စွာဘုရားရှင်ရဲ့အရပ်တော်ဟာ
(၁၈)တောင်မြင့်တယ်လို့ ဖွင့်ဆိုလိုက်ပါတယ်၊ မြတ်စွာဘုရားရဲ့အရပ်တော်ဟာ (၁၈)တောင်ဖြစ်စေ
(၁၆)တောင်ဖြစ်စေ ယုတ္တိမဆန်လို့ လောကလူသားတွေနဲ့ စံချိန်မတူလို့ မယုံနိုင်ပါဘူး
အလကားချဲ့ ထွင်ထားတယ်လို့ ဆိုခဲ့လျှင် သည်စကားဟာဒီမှာတင်ရပ်သွားမယ်မထင်ပါဘူး ။
ဒီပင်္ကရာ ၊ ရေ၀တ ၊ ပိယဒဿီ ၊ အတ္တဒဿီ ၊ ဓမ္မဒဿီ ၊ ကောဏ္ဍည ၊ မင်္ဂလ ၊နာဒရ ၊ သုမေဓာ
ဘုရားရှင်များရဲ့ အရပ်တော် (၈၈) တောင်ရှိတယ်ဆိုတာတွေ ၊ သုမန မြတ်စွာဘုရားရှင်ဟာ
အတောင်(၉၀) သောအရပ်တော်ရှိတယ်ဆိုတာတွေ ၊သောဘိတ ၊အနောမဒဿီ ၊ ပဒုမ ၊ပဒုမုတ္တရ
၊ဖုဿ ဘုရားရှင်တော်တို့ အရပ်တော် (၅၈) တောင်ရှိတယ်ဆိုတာတွေ ၊ သုဇာတ ဘုရားရှင်ဟာ
အရပ်တော် အတောင်(၅၀) ရှိတယ်ဆိုတာတွေ ၊သိဒ္ဓတ္တ ၊တိဿ ၊ဝေဿဘူဘုရားရှင်များအရပ်တော် အတောင် (၆၀) ရှိတယ်ဆိုတာတွေ ၊ သိခီ ဘုရားရှင်ဟာ အရပ်တော် အတောင် (၇၀)
ရှိတယ်ဆိုတာတွေ ၊ကကုသန် ဘုရားရှင်ဟာ အရပ်တော် အတောင် (၄၀) ဆိုတာတွေ
၊ကောဏဂုမ် ဘုရားရှင်ဟာ အရပ်တော် အတောင် (၃၀)ရှိတယ်ဆိုတာတွေ ၊ကဿပ
ဘုရားရှင်ဟာ အရပ်တော် အတောင် (၂၀) ရှိတယ်ဆိုတာတွေဟာ အကုန်လုံး ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုဖြစ်ကုန်တော့မှာပေါ့ ၊မြတ်စွာဘုရားရဲ့သာသနာတော်ဟာ ကန်ပေါင်ရိုးကြီးတဲ့ တူပါတယ်ကန်ထဲကရေတွေမယိုဖိတ်ရအောင် ကန်ပေါင်ဟာ ခိုင်ခံနေဖို့ အလွန်အရေးကြီးပါတယ် ၊ ကန်ပေါင်မှာ
အပေါက်တခုတွေ့ ရင် ချက်ချင်ပြန်ပိတ်နိုင်မှဒီကန်ပေါင်ကြီးဟာ ရေရှည်တည်တန့် နိုင်မှာဖြစ်ပါတယ်
ထိုနည်းတူစွာပါပဲ ၊မြတ်စွာဘုရားရှင်ရဲ့ ပရိယတ္တိသာသနာဆိုတဲ့ ကန်တော်ကြီးမှာလဲ
အပေါက်မရှိအောင် အထပ်ထပ် သင်္ဂါရတနာတင်ထာရတာပါပဲ ၊ ဒီကန်ပေါင်ကြီးက
တခုခု ပေါက်လာပြီးဆိုရင် ထေရ၀ါဒက ဆုပ်ဖြဲမပြစ်ပဲ လုံချုံအောင် ပြန်လည်ဖာတေးရတာပါပဲ
၊ ပြန်လည်ဖာတေးမှုမရှိပဲ မေ့မေ့လျော့လျော့နေသွားကြမည်ဆိုလျှင် အချိန်ကြာလာတာနှင့်အမျှ
ပရိယတ္တိ သာသနာတည်းဟူသော မြတ်စွာဘုရားရှင်၏ ကန်ပေါင်ရိုးကြီးပျက်စီးသွားနိုင်ပါသည် ၊
ဒါကြောင့် မြတ်စွာဘုရားရှင်ရဲ့အရပ်တော်ကို ပါဠိတော်လာအတိုင်း (၁၆) တောင်ရှိပါတယ်
ဆိုတာကို သူတော်ကောင်းများ ဗဟုသုတလဲရ သာသနာကိုလဲ တဖက်တလှမ်းမှစောင့်လျောက်လိုသောဆန္ဒနဲ့  မျှဝေလိုက်ချင်းဖြစ်ပါတယ် ။


များစွာသောစေတနာတို့ ဖြင့်......

အရှင်ဥာဏိန္ဒ (တန့် ဆည်)

No comments:

Post a Comment